How to pick a career in the Web Development
Aung Myat Moe

Aung Myat Moe @aungmyatmoe

About: 20-year-old Founder of Myanmar Cyber Youths and Web Dev Environment who worked at startups.

Location:
Yangon, Myanmar
Joined:
Aug 3, 2020

How to pick a career in the Web Development

Publish Date: Oct 18 '23
0 0

Web Development Field ထဲမှာဘယ် Career ကိုရွေးမလဲပေါ့။ Web Development ထဲမှာ Frontend, Backend, Full stack ဆိုပြီးအကြမ်းအားဖြင့်သုံးမျိုးခွဲနိုင်တယ်။ ဒီအထဲမှဆက်စပ်တဲ့ကောင်တွေလည်းရှိတယ်။ သူတို့ကို Web Development ထဲက Career အဖြစ်ထည့်လို့ရတယ်။ UI/UX Designer, Q/A, DevOps, Cloud Architect စသည်ဖြင့်။

UI/UX Designer

သူကများသောအားဖြင့် Logical ပိုင်းထက် Creativity ပိုင်းဘက်အားသန်တဲ့သူတွေရွေးလေ့ရှိတဲ့ Career အမျိုးအစားဖြစ်တယ်။ ကိုယ်က Stakeholders တွေ၊ Client တွေနဲ့တိုက်ရိုက်စကားပြောပြီးတော့ သူတို့လိုချင်တဲ့ Business Domain and Features တွေကို User Interface အနေနဲ့ Design ထုတ်ပေးရတာမျိုးဖြစ်တယ်။ သူတို့က Web Development မှာလိုအပ်တဲ့ Role ထဲထည့်လို့ရတယ်။ မဟုတ်ရင် SWE တွေ UI အတွက်ပါလုံးပမ်းနေရမှာဖြစ်တယ်။

Frontend Engineer

Frontend ဆိုတာကအပေါ်က UI/UX Play သမျှကိုဒိုင်ခံ Code ရေးပေးရတဲ့သူပေါ့။ သူက Prototype Level ကနေတကယ်သုံးလို့ရတဲ့ Application တွေကို HTML, CSS, JavaScript စတဲ့ နည်းပညာတွေနဲ့ပြန်ပြီး Develop ပေးတဲ့သူတွေဖြစ်တယ်။ Play ခံလူတန်းစားလို့ပြောရင်လည်းမမှားပါဘူး။ ဒီလူတွေက UI/UX တွေနဲ့ အခါ ၁၀၀ မှာ ၁၀၀ လောက် Collaborate နေရတာဖြစ်တာမို့လို့ ကိုယ်က UI Design Logic တွေကို Implement ရတာမျိုးကိုစိတ်ဝင်စားရင်ရွေးသင့်တဲ့ Specialist Career မျိုးဖြစ်တယ်။

Backend Engineer

Backend ကတော့အနောက်နေထိန်းချုပ်နေတဲ့လက်မဲကြီးပေါ့။ သူက Frontend ကပေးလိုက်တဲ့ Data တွေကိုသိမ်းမယ်၊ ပြန်ပြမယ်စတဲ့လုပ်ငန်းတွေကိုလုပ်ရတဲ့သူတွေဖြစ်တယ်။ သူတို့က Logical ပိုင်းကိုအားသန်တဲ့သူတွေကရွေစလေ့ရှိတယ်။ ဥပမာ Maths မှာဆရာကြီးတစ်ဆူဖြစ်နေရင်တော့ဒီအပိုင်းကိုရွေးသင့်ပါတယ်။ သူတို့က PHP, Python, Node JS (Runtime), Ruby စတဲ့ Server ကို Talk နိုင်တဲ့ Language တွေသုံးပြီးတော့ Frontend Engineer တွေအတွက် Logical Operation တွေကို Support ပေးပါတယ်။

DevOps Engineer

Docker ဆရာသမားတွေပေါ့။ သူတို့က Cloud နဲ့ပတ်သက်တဲ့ကိစ္စတွေကို Management လုပ်ပေးရတဲ့သူတွေပေါ့။ အရင်က Systems Administrator လို Role တွေရှိပေမဲ့ခုနောက်ပိုင်း ဒီ Role တွေကို Devops ပဲလုပ်ရတာများတယ်။ ကိုယ့်ရဲ့ Frontend or Backend Project တွေကို User ဆီ Rapid Delivery လုပ်နိုင်ဖို့ဒီလူတွေက Implement လုပ်ပေးတဲ့သူတွေဖြစ်တယ်။ Code ရေးရတာသက်သာချင်တဲ့သူတွေ၊ Server တွေကို Manage ချင်တဲ့သူတွေက ဒီ Careers ကိုရွေးသင့်ပါတယ်။ နောက်ပိုင်း Cloud Architect Exam ဖြေပြီးတော့‌ဆရာကြီး Level မြန်မြန်ရောက်နိုင်ပါတယ်။

Full Stack Engineer

ကျွန်တော်ကတော့ Full Swap လို့ခေါ်ပါတယ်။ သူက Frontend နဲ့ Backend နှစ်ခုလုံးကို Develop တဲ့သူတွေဖြစ်ပါတယ်။ များသောအားဖြင့် Freelancer တွေထဲမှာတွေ့ရများတယ်။ ဒီ Role က Frontend နဲ့ Backend နှစ်ခုလုံးကလိုအပ်တဲ့ Technology ‌နဲ့ Right Time မှာ Right Problem ကို Right Tool နဲ့ရှင်းတဲ့သူတွေပါ။ ဒီလူတွေက Software Architect Level ကိုမမြန်မြန်ရောက်နိုင်တဲ့သူတွေဖြစ်တယ်။ အချုပ်အားဖြင့်ကိုယ်ကဘယ်ဟာကိုပဲရွေးရွေးကိုယ်နဲ့ဆက်စပ်တဲ့နည်းပညာတွေကို သိထားသင့်သလို၊ ကြိုစားပြီး Implement ထားသင့်တယ်။ ဒါမှ Open-minded ဖြစ်တဲ့ SWE ဖြစ်လာမှာဖြစ်ပါတယ်။

Comments 0 total

    Add comment