Laravel Folio and Volt (Alpha Stage Review)
Aung Myat Moe

Aung Myat Moe @aungmyatmoe

About: 20-year-old Founder of Myanmar Cyber Youths and Web Dev Environment who worked at startups.

Location:
Yangon, Myanmar
Joined:
Aug 3, 2020

Laravel Folio and Volt (Alpha Stage Review)

Publish Date: Oct 18 '23
0 0

Laravel နဲ့ Inertia ကိုသုံးရတဲ့ Vibe ထက် Livewire သုံးရတာသဘောပိုကျတယ်။ Inertia သုံးတဲ့အခါမှာ React or Vue ရတဲ့ Laravel သမားတွေအတွက်အဆင်ပြေတယ်ခံစားရပေမဲ့ PHP နဲ့ JavaScript Prop Passing လုပ်ရတဲ့ Feel က Messy ဖြစ်တယ်လို့ခံစားရတယ်။ ဒါပေမဲ့ Frontend Routing ကိုသေချာမရတဲ့သူတွေအတွက် Inertia က Full stack ရေးလို့ကောင်းတယ်။ Frontend နဲ့ Backend ကို Colocating လုပ်ပြီးရေးတာကကောင်းတယ်လို့ပြောလို့ရတယ်။ ဘာလို့ဆိုရင် FDD လို့ခေါ်တဲ့ Feature Driven Approach သွားရင်အဆင်ပြေလို့။ Next တို့၊ Remix တို့ဆိုရင်လည်းဒီ approach ကိုသွားနေတာ။ Client Side JavaScript Load နည်းအောင်ရယ်၊ Server Side Level Code တွေတစ်နေရာတည်းစုရေးလို့ရအောင်ရယ်လုပ်တာမျိုးကတူတူပါပဲ။ Livewire ကို Laravel Folio နဲ့ Livewire Volt နဲ့ပေါင်းသုံးရင် Next Vibe ရတယ်လို့ပြောလို့ရတယ်။ ဒါပေမဲ့သူ့ရဲ့ Syntax Vibe က Vue နဲ့သွားဆင်တယ်။ Vue SFC လိုမျိုး PHP နဲ့ View ကို File တစ်ခုတည်းမှာရေးလို့ရတာမျိုးပေါ့။ Volt ကကြတော့ Functional Component ရေးလို့ရအောင်လုပ်ပေးထားတာလို့ပြောလို့ရတယ်။ အရင်က React ကို Class Base နဲ့ရေးတာကို Functional Component အနေနဲ့ပြန်ရေးတာမျိုးပေါ့။ Livewire ကြတော့ PHP Class ပေါ့။ ဒါပေမဲ့ပြောစရာတစ်ခုရှိတာက Class Instance ကိုပြန်ပြန်ထောက်ပြီးမှ State တွေကိုရတဲ့အတွက် Auto Completion လည်းမကောင်းသလို၊ FP Vibe နည်းနည်းတော့ပျောက်တယ်။ မသိတဲ့သူအတွင် $this ကဘာကြီးလဲဆိုတာကမေးစရာရှိမယ်။ ဒီတစ်ခုကလွဲရင်ကျန်တဲ့ FP API တွေက Concise ဖြစ်တယ်ပြောရပါမယ်။ Laravel Blade သီးသန့်ထက် အောက်က Tech Stack နဲ့ဆိုရင် Productivity ဖြစ်တဲ့ Laravel Application တွေရေးနိုင်မယ်လို့ယူဆတယ်။ Laravel Folio (Laravel File Based Routing) Livewire (Blade in Reactive Way) Volt (Livewire SFCs)

Comments 0 total

    Add comment