WordPress သင်ခန်းစာ(For Advanced Learner) အခန်း(၁)
Zaw Htut Win

Zaw Htut Win @zawhtutwin

About: Developer, Code Poet

Location:
Yangon
Joined:
Jun 4, 2021

WordPress သင်ခန်းစာ(For Advanced Learner) အခန်း(၁)

Publish Date: Feb 13 '24
2 0

နိဒါန်း

Wordpress ဟာ CMS ခေါ်တဲ့ Content Management System ဖြစ်ပါတယ်။ စထွင်လိုက်တုန်းက bloggerတွေအတွက် ရည်ရွယ်ခဲ့ပေမယ့် နောက်ပိုင်း WooCommerce လိုမျိုး plugin တွေဝင်လာပြီး စျေးရောင်းတဲ့ website တည်ဆောက်နိုင်တဲ့အထိ ဖြစ်လာပါတယ်။

Wordpress database အကြောင်း

WordPress မှာ ထူးခြားတာတစ်ခုကတော့ သူ့ database ဖြစ်ပါတယ်။ သူ့မှာ အဓိက table သုံးခုရှိနေတယ်။ wp_post, wp_postmeta နဲ့ wp_options_ တို့ဖြစ်ပါတယ်။
Wordpress Developer အားလုံးဟာ ဒီ သုံးလုံးကို အဓိကသုံးပြီးရေးကြပါတယ်။

WooCommerce database အကြောင်း

WooCommerce နဲ့ Wordpress မှာ shopping site တွေ တည်ဆောက်နိုင်ပါတယ်။ WooCommerce ဟာလည်း ခုဏက ပြောခဲ့တဲ့ wp_post, wp_postmeta _နဲ့ wp_options ဆိုတဲ့ wordpress ရဲ့ table သုံးခုကိုပဲ အဓိကသုံးပါတယ်။

WooCommerce ဆိုတာ eCommerce plugin အတွက် ဖြစ်တာကြောင့် သူ့ကိုသုံးရင် Product တွေ ရောင်းလို့ရတယ်။ Product တွေ ရောင်းတဲ့ အခါမှာ Order တွေ ထွက်လာတယ်။

ဒီနေရာမှာ Product တို့ Order တို့ အတွက် WooCommerce ဟာ WordPress ရဲ့ wp_post ဆိုတဲ့ table ကိုပဲသုံးပြီး wp_post ရဲ့ type ဆိုတာကိုပဲရင်

product ဆို post type = product
ဆိုပြီးသုံးတယ်။

order ဆိုရင် post type = shop_order
ဆိုပြီးတော့ပဲသုံးတယ်။

ဒီ code ကို ကြည့်ကြည့်ပါ။ wc_get_product ဆိုတာ product object ကို ယူဖို့ product_id ကို ထည့်ပေးပြီး ရှာတဲ့ WooCommerce ရဲ့ built-in function ပါ။

$product = wc_get_product( $product_id );
Enter fullscreen mode Exit fullscreen mode

အောက်ပါ code နဲ့ လုပ်ဆောင်ချက်ခြင်း တူတူပါပဲ။

$product = wc_get_product( $post_id );
Enter fullscreen mode Exit fullscreen mode

WooCommerce ရဲ့ product id ဟာ အမှန်တော့ Wordpress post id ပါပဲ။

ဒါက အကြမ်းဖျင်းရှင်းပြတာပါ။ နောက်သင်ခန်းစာတွေမှာ functions.php အကြောင်း customized code တွေဘယ်လိုရေးရသလဲဆိုတဲ့အကြောင်း Wordpress ရဲ့ ajax ရေးပုံ အစရှိတာတွေကို ဆက်လက် သင်ကြားပေးပါ့မယ်။

Comments 0 total

    Add comment